Measuring Supply Chain Performance

Supply Chain စွမ်းဆောင်ရည်ကို တိုင်းတာခြင်း (Measuring Supply Chain Performance)

Supply Chain မန်နေဂျာများသည် စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်အတွက် စံနှုန်းများ (Metrics) လိုအပ်သည်။

(က) ပစ္စည်းလက်ကျန်အတွက် ကတိပြုထားသော ပိုင်ဆိုင်မှုများ (Assets Committed to Inventory)

Supply Chain မန်နေဂျာများသည် လက်ကျန်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုပမာဏကို ဆုံးဖြတ်သည်။ ဤနေရာတွင် အဓိက တိုင်းတာမှု သုံးခုကို အသုံးပြုသည်။

  1. ပစ္စည်းလက်ကျန်တွင် ရင်းနှီးမြှုပ်နှံထားသော ရာခိုင်နှုန်း (Percentage Invested in Inventory):

Percentage invested in inventory = (Average inventory investment/Total assets) × 100

ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းပိုင်ဆိုင်မှု၏ ၁၅% ခန့်၊ လက်ကားကဏ္ဍတွင် ၃၄% ခန့်၊ လက်လီကဏ္ဍတွင် ၂၇% ခန့်သည် လက်ကျန်ပစ္စည်းတွင် ရင်းနှီးမြှုပ်နှံထားသည်။

2. ပစ္စည်းအလှည့်နှုန်း (Inventory Turnover):

Inventory turnover = Cost of goods sold/Average inventory investment

အဓိပ္ပာယ်: ပစ္စည်းလက်ကျန်ကို တစ်နှစ်အတွင်း ဘယ်နှစ်ကြိမ် ရောင်းချပြီးလဲ ဆိုတာကို တိုင်းတာသည်။ နှုန်းမြင့်လေလေ ပိုကောင်းလေလေ ဖြစ်သည်။

3. ရောင်းအားအတွက် လိုအပ်သော ရက်သတ္တပတ် (Weeks of Supply):

Weeks of supply = Average inventory investment/(Annual cost of goods sold/52 weeks)

အဓိပ္ပာယ်: လက်ရှိလက်ကျန်ပစ္စည်းသည် ရောင်းအားကို ဘယ်နှစ်ပတ်ကြာအောင် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို တိုင်းတာသည်။

Supply Chain Management သည် လက်ကျန်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရာတွင် အလွန်အရေးကြီးသည်။ ကုန်ပစ္စည်းများ လျင်မြန်စွာ ရွေ့လျားမှု သည် အဓိကသော့ချက်ဖြစ်သည်။

  • Walmart သည် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဖြင့် လက်လီကဏ္ဍတွင် စံပြဖြစ်စေခဲ့ပြီး၊ ပြိုင်ဘက်များက နှစ်ပတ်တစ်ကြိမ်သာ ပြန်ဖြည့်နိုင်ချိန်တွင် တစ်ပတ်လျှင် ပျမ်းမျှ နှစ်ကြိမ် စတိုးဆိုင်များ၏ စင်များကို ပြန်ဖြည့်ပေးနိုင်ခဲ့သည်။

Logistics နှင့် SCM ကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းလက်ကျန် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဝယ်လိုအားကို လျင်မြန်စွာ တုံ့ပြန်နိုင်ကာ ပြိုင်ဘက်ကုမ္ပဏီများအပေါ် အသာစီးရနိုင်သည့် အခွင့်အရေး ကို ရရှိစေသည်။


Supply Chain စွမ်းဆောင်ရည် စံသတ်မှတ်ခြင်း (Benchmarking the Supply Chain)

တိုင်းတာမှု တန်ဖိုးများသည် ယခင်နှစ်များမှ အချက်အလက်များနှင့် နှိုင်းယှဉ်သည့်အခါ အဓိပ္ပာယ်ရှိသော်လည်း၊ ပိုမိုအရေးကြီးသည့် အသုံးဝင်မှုမှာ ထိုတန်ဖိုးများကို စံသတ်မှတ်ထားသော ကုမ္ပဏီများ (Benchmark Firms) နှင့် နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်သည်။

  • Benchmarking ၏ ရည်ရွယ်ချက်: ကုမ္ပဏီများသည် မိမိတို့၏ အချက်အလက်များကို ဖြည့်သွင်းပြီးနောက်၊ မိမိတို့၏ လုပ်ငန်းကဏ္ဍ (Industry) အတွင်းရှိ အခြားကုမ္ပဏီများနှင့် မည်သို့ယှဉ်ပြိုင်နေရသည်၊ သို့မဟုတ် မည်သည့် ကဏ္ဍမဆိုမှ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီများ (World-Class Firms) နှင့် နှိုင်းယှဉ်သည့် အစီရင်ခံစာများကို ရယူနိုင်သည်။
  • ကမ္ဘာ့အဆင့်မီ စံနှုန်းများ (World-Class Benchmarks): ဤစံနှုန်းများသည် ကုန်ကျစရိတ်ကို လျှော့ချခြင်း၊ ပို့ဆောင်ချိန်ကို တိုစေခြင်း၊ နောက်ကျပို့ဆောင်မှုများကို လျှော့ချခြင်းနှင့် ကုန်ပစ္စည်း ပြတ်လပ်မှုကို ထိန်းချုပ်ခြင်းတို့အပြင် ဝန်ဆောင်မှုအဆင့်ကိုပါ တိုးတက်စေသည့် ကောင်းမွန်စွာ စီမံခန့်ခွဲထားသော Supply Chain များ မှ ရလဒ်များ ဖြစ်ပါသည်။

SCOR မော်ဒယ် (Supply Chain Operations Reference Model)

SCOR (Supply Chain Operations Reference) မော်ဒယ်သည် Supply Chain စံသတ်မှတ်ခြင်းအတွက် အကောင်းဆုံးဟု လူသိများသော မော်ဒယ်တစ်ခု ဖြစ်သည်။

SCOR ၏ အစိတ်အပိုင်း ၅ ပိုင်း

SCOR မော်ဒယ်သည် Supply Chain လုပ်ငန်းစဉ်များကို အဓိက အပိုင်း ၅ ပိုင်း ဖြင့် ခွဲခြားသတ်မှတ်ထားသည်။

  1. Plan (စီမံကိန်းချခြင်း): ထောက်ပံ့မှုနှင့် ဝယ်လိုအားအတွက် စီမံကိန်းချခြင်းဆိုင်ရာ လုပ်ဆောင်မှုများ။
  2. Source (ရင်းမြစ်ရှာဖွေခြင်း): ဝယ်ယူရေး လုပ်ဆောင်မှုများ။
  3. Make (ထုတ်လုပ်ခြင်း): ကုန်ထုတ်လုပ်မှု လုပ်ဆောင်မှုများ။
  4. Deliver (ပို့ဆောင်ခြင်း): ဖြန့်ဖြူးရေး လုပ်ဆောင်မှုများ။
  5. Return (ပြန်လည်ရရှိခြင်း): ပြောင်းပြန် Supply Chain (Reverse Logistics/Closed-Loop) ဆိုင်ရာ လုပ်ဆောင်မှုများ။

SCOR ၏ အသုံးဝင်ပုံနှင့် အတိုင်းအတာ

  • SCOR သည် လုပ်ငန်းစဉ်ဆိုင်ရာ အစိတ်အပိုင်း (၂၀၀) ကျော်၊ တိုင်းတာနိုင်သော စံနှုန်း (၅၅၀) ကျော်နှင့် အကောင်းဆုံး ကျင့်ထုံး (၅၀၀) ကျော်ကို သတ်မှတ်ထားသည်။ အကောင်းဆုံး ကျင့်ထုံးများ (Best Practices) ဆိုသည်မှာ စံသတ်မှတ်မှုများတွင် အလွန်ကောင်းမွန်သော အမှတ်ရရှိသည့် ထိပ်တန်းကုမ္ပဏီများ အသုံးပြုသည့် နည်းစနစ်များဖြစ်သည်။
  • Performance Attributes (စွမ်းဆောင်ရည် ဂုဏ်ရည်များ): SCOR သည် ဤတိုင်းတာမှုများကို စွမ်းဆောင်ရည် ဂုဏ်ရည်များ (ဥပမာ- ကုန်ကျစရိတ် နည်းပါးမှု (Low Cost) သို့မဟုတ် လျင်မြန်စွာ တုံ့ပြန်နိုင်မှု (Responsiveness)) တို့နှင့် ပေါင်းစပ်ထားသည်။ ၎င်းသည် မဟာဗျူဟာ မတူညီသော ကုမ္ပဏီများ (ဥပမာ- ကုန်ကျစရိတ်ကို အဓိကထား ယှဉ်ပြိုင်သူနှင့် လျင်မြန်မှုကို အဓိကထား ယှဉ်ပြိုင်သူ) အကြား စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ရန် ပိုမိုလွယ်ကူစေသည်။
The Supply Chain Operations
Reference (SCOR) Model

Supply Chain ၏ ထူးချွန်မှုအတွက် လိုအပ်ချက်များ (Requirements for Supply Chain Excellence)

Benchmarking သည် အလွန်အသုံးဝင်သော်လည်း Supply Chain တွင် အကာာင်းမွန်ဆုံးသော စွမ်းဆောင်ရည် (Excellence) ကို ရရှိရန်အတွက် မလုံလောက်ပါ

  • ဆက်ဆံရေး၏ အရေးပါမှု: စဉ်ဆက်မပြတ် ဆက်သွယ်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စွမ်းဆောင်ရည် နှင့် ကော်ပိုရိတ် မဟာဗျူဟာ အပေါ် အခြေခံသည့် စာရင်းစစ်ခြင်း (Audits) များ လိုအပ်ပါသည်။
  • အဓိက သဘောထား: Supply Chain ပါတနာများအကြား ဆက်ဆံရေးများသည် “ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်နေသည်” (we are in this together) ဟူသော အပြန်အလှန် ယုံကြည်ချက်ဖြင့် ပေါ်ပေါက်လာသင့်သည်။ ဤယုံကြည်ချက်သည် ရေးသားထားသော စာချုပ်များနှင့် သဘောတူညီချက်များထက် ပိုမိုနက်ရှိုင်းသော အဆင့်သို့ ရောက်ရှိရမည် ဖြစ်ပါသည်။

Supply Chain Management အကြောင်းကို တင်ဆက်ခြင်းဟာ ဒီနေရာမှာ ပြီးဆုံးပြီဖြစ်ပါတယ်။

Scroll to Top
Share via
Copy link