Supply Chain Risk
Supply Chain Risk ဆိုတာ ထောက်ပံ့ရေးကွင်းဆက် လုပ်ငန်းစဉ်တစ်ခုအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အနှောင့်အယှက်တွေကို ဆိုလိုပါတယ်။ ဒီအနှောင့်အယှက်တွေဟာ လုပ်ငန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပြီး နောက်ဆုံးမှာ လုပ်ငန်းရဲ့ ရေရှည်တည်တံ့ခိုင်မာမှုကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ Supply Chain Risk တွေ တိုးလာရတဲ့ အဓိကအကြောင်းရင်း တွေက တော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ 1. Outsourcing လုပ်ငန်းများ တိုးလာခြင်း ယနေ့ခေတ် လုပ်ငန်းအများစုဟာ လုပ်ငန်းစွမ်းဆောင်ရည် (efficiency) ကို မြှင့်တင်ဖို့နဲ့ ကုန်ကျစရိတ်လျှော့ချဖို့အတွက် ပြင်ပကုမ္ပဏီတွေကို လုပ်ငန်းတွေ လွှဲပြောင်းလုပ်ကိုင်စေပါတယ်။ ဒါကို outsourcing လို့ခေါ်ပါတယ်။ 2. Globalization (ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု) ကမ္ဘာချီကုန်သွယ်မှုတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ လုပ်ငန်းတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားက ပေးသွင်းသူတွေနဲ့ ချိတ်ဆက်လာကြပါတယ်။ […]